ကြားကာလ အုပ်ချုပ်ရေးနှင့် တရားရေးအောက်က

အာရက္ခဒေသရှိ အမျိုးသမီးများ၏ လုံခြုံရေးနှင့်

ဂုဏ်သိက္ခာ

English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အဓမ္မပြုကျင့်မှု၊ အဓမ္မပြုကျင့်ရန် ကြံစည်မှု၊ သတ်ဖြတ်မှုများ၊ ခြိမ်းခြောက်မှုများနှင့် ထိုဖြစ်စဉ်များအပေါ် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာ တုံ့ပြန်အရေးယူမှုများကို လေ့လာခြင်း

(ခ) နယ်မြေဒေသ
အာရက္ခတပ်တော် ထိန်းချုပ်ရာ ဒေသများ

(ဂ) အချိန်ကာလ
၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီးနောက် အာရက္ခတပ်တော် (AA) ၏ နယ်မြေထိန်းချုပ်မှုနှင့်အတူ ရခိုင်ပြည်အတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးအခြေအနေများတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ဒေသများတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အုပ်ချုပ်မှုယန္တရားများ တည်ဆောက်လာသကဲ့သို့ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အချို့ဖြစ်စဉ်များတွင် မုဒိမ်းကျင့်ပြီးနောက် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာခြင်းသည် အမျိုးသမီးများ၏ လုံခြုံရေးနှင့် တရားမျှတမှုရရှိရေးအပေါ် စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

အဆိုပါ ဖြစ်စဉ်များအနက် အချို့တွင် ကျူးလွန်သူများကို ဖမ်းဆီးစုံစမ်း၍ တရားစွဲဆိုခြင်းနှင့် ထောင်ဒဏ်များ၊ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခြင်းတို့ ရှိခဲ့သော်လည်း အချို့ဖြစ်စဉ်များတွင် ကျူးလွန်သူများ ထွက်ပြေးလွတ်မြောက်နေခြင်း၊ အမှုများ အချိန်ကြာမြင့်စွာ စီရင်ချက်မချနိုင်သေးခြင်း၊ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခြင်းနှင့် တရားရေးလုပ်ငန်းစဉ်များအပေါ် ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုဆိုင်ရာ မေးခွန်းထုတ်မှုများလည်း ပေါ်ပေါက်လာခဲ့သည်။ ယင်းအခြေအနေများသည် ကျူးလွန်ခံရသူများနှင့် မိသားစုများ၏ တရားမျှတမှုရရှိရေးအပြင် အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လုံခြုံရေးအပေါ် စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

ဤလေ့လာချက်သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုနှင့် ဆက်စပ်ရာဇဝတ်မှုများကို ခြုံငုံလေ့လာထားခြင်းဖြစ်ပြီး၊ ဖြစ်စဉ်များ၏ ပုံစံများ၊ ကျူးလွန်ခံရသူများအပေါ် သက်ရောက်မှုများနှင့် ကျူးလွန်သူများအား ဖမ်းဆီးအရေးယူခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ အခြေအနေများကို ဒေသတွင်းသတင်းမီဒီယာများမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ စုစည်းတင်ပြထားသည်။

အချက်အလက်အကျဉ်းချုပ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ

  • ဆမီးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူဟုဆိုသူ ထွက်ပြေးနေ
  • ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ AA စခန်းအနီး၌ ဒေသခံချင်းအမျိုးသမီးတစ်ဦးကို အမည်မသိအမျိုးသားတစ်စုက အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ သတိလစ်သည်အထိ ရိုက်နှက်ပြီး ချောင်းစပ်တွင် စွန့်ပစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၂၄ နှစ်အရွယ် ကိုကျော်ထွန်းလင်းဆိုသူမှာ ကျူးလွန်သူများထဲမှ တစ်ဦးဖြစ်ကြောင်း စွပ်စွဲခံထားရပြီး ထွက်ပြေးနေသဖြင့် AA က ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု သိရသည်။ ၎င်း၏ ဖမ်းဝရမ်းပါအချက်အလက်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်တွင် AA နှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်ပေါ်တွင် ထုတ်ဖော်ခဲ့သည်။ သို့သော် ကျူးလွန်သူဟု စွပ်စွဲခံထားရသူကို ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးသဖြင့် ဒေသခံများက တရားဥပဒေစိုးမိုးရေးအပေါ် စိုးရိမ်မှုများနှင့် ဝေဖန်မှုများ ရှိနေကြသည်။

    ၂၀၂၅ ခုနှစ်၊ ဧပြီလ

  • အာရက္ခတပ်တော်ထိန်းချုပ်ရာ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော်တပ်သားနှစ်ဦး မုဒိမ်းမှုကျူးလွန်
  • အာရက္ခတပ်တော်ထိန်းချုပ်ရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ့်စင်းဝကျေးရွာတွင် ဧပြီ ၅ ရက်နေ့တွင် အာရက္ခတပ်တော် တပ်သားနှစ်ဦးမှ ခူမီးအမျိုးသမီးတစ်ဦး အား မုဒိမ်းကျင့်ခဲ့ပြီးနောက် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော်လည်း မိသားစုဝင်တစ်ဦး ရောက်ရှိလာသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်သားနှစ်ဦးက ကျူးလွန်မှုကို ဝန်ခံကာ၊ အဆိုပါ ကျူးလွန်သူ တပ်သားနှစ်ဦးအား သေဒဏ်ချမှတ်ခဲ့ ကြောင်း သိရသည်။

  • မောင်တောမြို့နယ်တွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးအား ပထွေးဖြစ်သူမှ လပေါင်းများစွာ အဓမ္မပြုကျင့်
  • မောင်တောမြို့နယ်တောင်ပိုင်း ချရားတန်းကျေးရွာတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက် ၄၀ အရွယ် ပထွေးဖြစ်သူက ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်ကာ အဓမ္မပြုကျင့်ခဲ့ပြီး၊ အမှုမပေါ်ပေါက်စေရန် မိန်းကလေးနှင့် မိခင်ဖြစ်သူကို ခြိမ်းခြောက်ထားခဲ့ပြီး နောက်ပိုင်းတွင် ဒေသခံများ၏ တိုင်ကြားချက်အရ အာရက္ခတပ်တော်က ဧပြီ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်တွင် အဆိုပါ ကျူးလွန်သူကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ကျူးလွန်သူအား ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ပေးရန် ဒေသခံများမှ တောင်းဆိုခဲ့ကြသည်။

    ၂၀၂၅ ခုနှစ်၊ မေလ

  • မင်းပြားမြို့နယ်တွင် အသက် ၉ နှစ်အရွယ် မိန်းကလေး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
  • မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မေလ ၂ ရက်နေ့တွင် အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရကာ အလောင်းကို ကျေးရွာအနီး သစ်ပင်တစ်ပင်တွင် ကြိုးဖြင့် ချည်နှောင်ထားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သတ်၍ အသက် ၃၀ ကျော်အရွယ် မောင်မြသန်းကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) က မေလ ၆ ရက်တွင် ... အပြည့်စုံဖတ်ရန်

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | May 2023

    Response to Cyclone Mocha in Rakhine State

    This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

    Center for Arakan Studies

    Monthly Report | March 2023

    While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

    Center for Arakan Studies

    Monthly Report | Febuary 2023

    In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

    Center for Arakan Studies

    Arakan Review: Return To War

    Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

    Center for Arakan Studies