အာရက္ခတပ်တော်နှင့် စစ်တွေတိုက်ပွဲများ

English | Myanmar

နိဒါန်း

(က) အဓိကအကြောင်းအရာ
စစ်တွေမြို့နယ်ရှိ တိုက်ပွဲများနှင့် ပြည်သူများ တွေ့ကြုံနေရသည့် အခြေအနေ

(ခ) နယ်မြေဒေသ
စစ်တွေမြို့နယ်၊ ရခိုင်ပြည်

(ဂ) အချိန်ကာလ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ အထိ

၂၀၂၃ ခုနှစ်၊ နှောင်းပိုင်းတွင် ရခိုင်ပြည်၌ တကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ ပြည်နယ်မြို့တော် စစ်တွေသည်လည်း စစ်ရေးအရ တိုက်ရိုက်ခြိမ်းခြောက်ခြင်းကို ခံလာရပြီး ဒေသခံပြည်သူများမှာ စစ်ဘေးဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်အတွင်းရှိ မြို့နယ်များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လာနိုင်သည့်အလျောက် စစ်တွေမြို့အတွင်း တိုက်ရိုက်ထိတွေ့တိုက်ပွဲများ မရှိသေးသည့်တိုင် စစ်တွေမြို့နယ်သည် စစ်မြေပြင်ဖြစ်လာပြီး၊ ကျေးလက်နေပြည်သူများမှာလည်း စစ်ဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။ ထို့ကြောင့် စစ်တွေမြို့နယ်နှင့် မြို့ပေါ်ဒေသခံအများစုသည် စစ်ပွဲဖြစ်ပွားလာမည့်အရေးကို စိုးရိမ်သဖြင့် အေအေထိန်းချုပ်နယ်မြေများနှင့် ရန်ကုန်အပါအဝင် အခြားသောဒေသများသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ကြသည်။

တဖက်တွင်လည်း စစ်ကောင်စီသည် စစ်တွေမြို့သို့ အေအေ ဝင်ရောက်မလာနိုင်စေရန် မြို့ပတ်ပတ်လည်တွင် ခြံစည်းရိုးများကာရံခြင်း၊ မိုင်းထောင်ခြင်းနှင့် စစ်အင်အားဖြည့်တင်းခြင်းများ ပြုလုပ်ကာ လမ်းကြောင်းအားလုံးကို အလုံးစုံပိတ်ဆို့ထားသည်။ စစ်တွေမြို့မှ တခြားသော နိုင်ငံတွင်းဒေသများ (ဥပမာ-ရန်ကုန်၊ မန္တလေး)သို့ သွားလာရေးအတွက် လေကြောင်းလိုင်းတစ်ခုတည်းကိုသာ အဓိကအားဖြင့် အားကိုးနေရပြီး၊ ရန်ကုန်-စစ်တွေရေကြောင်းလမ်းသည်လည်း ကုန်စည်များကို အကန့်အသတ်ဖြင့်သာ တင်ပို့၊ တင်သွင်းခွင့်ပြုထားသည်။ ဓာတ်ဆီ၊ ဒီဇယ်နှင့် ဆေးဝါးအပါအဝင် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းအချို့ကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားပြီး စားသောက်ကုန်ပစ္စည်းများကို စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် စစ်တပ်၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်၌သာ ရန်ကုန်မှ သင်္ဘောကြီးများဖြင့် သယ်ယူခွင့်ပြုသဖြင့် ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လျက်ရှိသည်။ ယင်းကန့်သတ်ချက်များသည် ဒေသခံများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက်မူ အကျင့်ပျက်ခြစားကာ ဝင်ငွေရှာသည့် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ တဖက်တွင် မြို့နေလူထုမှာ အေအေထိန်းချုပ်ရာနယ်မြေများသို့ ထွက်မသွားစေရန် တင်းကျပ်စွာ ထိန်းချုပ်ခံထားရသည်။

စစ်ရေးအရ အမြဲမပြတ် ခြိမ်းခြောက်ခံနေရသည့် စစ်တွေမြို့သည် ၂၀၂၄ ခုနှစ် အလယ်ပိုင်းမှစ၍ မြေပြင်ထိတွေ့တိုက်ပွဲများနှင့် တဖြည်းဖြည်း ရင်ဆိုင်လာရသည်။ အဆိုပါ စစ်ရေးလှုပ်ရှားမှုများကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီတပ်သည် မြို့တွင်းရှိ ပြည်သူများအား ဧည့်စာရင်းစစ်ဆေးခြင်းကို အကြောင်းပြကာ AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်လာခဲ့သည်။ ရလဒ်အနေဖြင့် စစ်ဘေးဒဏ်ကို ရေရှည်ဆိုးရွားစွာ ခံစားနေရသည့် ဒေသခံပြည်သူများအကြား နိုင်ငံရေးအရ ဖိနှိပ်မှု၊ လူမှု-စီးပွားအားဖြင့် ကျပ်တည်းမှုများကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ခံစားနေကြရသည်။

ယခု လေ့လာချက်သည် ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်များ၊ လူ့အခွင့်အရေး အဖွဲ့များ၏ ဖော်ပြချက်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ နှင့် မိမိတို့ အာရက္ခလေ့လာရေး စင်တာမှ ပြုလုပ်ခဲ့သော မေးမြန်းချက်များကို အဓိက အခြေခံ လေ့လာထားသည်။

အချက်အလက်အကျဉ်းချုပ်

ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်

  • ဖေဖော်ဝါရီလကုန်လျှင် စစ်တွေမြို့ကို AA တိုက်မည်ဟု သတင်းများထွက်နေသော
  • ကြောင့် သိန်းနှင့်ချီသော ဒေသခံပြည်သူများ မြို့ကိုစွန့်ခွာနေကြ

    ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေကို ယခုလ ဖေဖော်ဝါရီလကုန်လျှင် ရက္ခိုင့်တပ်တော်(AA)မှ ဝင်ရောက် တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် နေထိုင်သော သိန်းနှင့်ချီသည့် ဒေသခံပြည်သူများသည် စစ်ဘေးဒဏ်လွတ်နိုင်မည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု စစ်တွေဒေသခံများက ပြောသည်။ မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော် စစ်တွေမြို့ထဲကို ဝင်မလာနိုင်ရန် တစ်ခုတည်းသော ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမြင့်ကျွန်း မင်းချောင်းတံတားကို မိုင်းခွဲဖြတ်တောက်ပြီးနောက် ပြည်သူများအကြား ပို၍ စိုးရိမ်စရာဖြစ်လာခဲ့သည်ဟု စစ်ရေးအခြေအနေကို လေ့လာနေသူ တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြော ဆိုခဲ့သည်။

  • စစ်တွေမှာ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ၁၂ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ
  • ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဖေဖော်ဝါရီလ ၂၉ ရက် မနက်ပိုင်းက လူစည်ကားရာမြို့မဈေးကြီးအနီး၌ စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျပေါက်ကွဲခဲ့သောကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး နောက်ထပ် ၁၈ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောပါသည်။ သေဆုံးသူတွေကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံကိုပို့ထားပြီး ဒဏ်ရာပြင်းထန်သူတွေလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ အမည်မဖော်လိုသော စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောသည်။

    မေလ ၂၀၂၄ ခုနှစ်

  • စစ်တွေရှိဒုက္ခသည်စခန်းများတွင် စစ်သင်တန်းတက်ရန် လူရွေးချယ်
  • မေလ ၂၅ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည် စခန်းများမှ စစ်သင်တန်းတက်ရမည့်လူငယ်များကို မဲနှိုက်ရွေးချယ်နေ ကြောင်း သိရသည်။ မြို့နှင့် ၄ မိုင်အကွာတွင် တည်ရှိသည့် ထိုစခန်းများသို့သွားရာ အဓိကလမ်းဆုံဖြစ်သည့် မှန်စီ၊ ခွဆုံအနီး စက်ရုံတွင် စခန်းအုပ်ချုပ်သူများနှင့် မေလ ၁၉ ရက်နေ့တွင် စတင်အစည်းအဝေး ပြုလုပ်ခဲ့သည်။ မေလ ၂၅ တွင် သက္ကယ်ပြင် ဒုက္ခသည် စခန်းရှိ ရိုဟင်ဂျာများကို မဲနှိုက်ခိုင်းနေသည်ဟု ထိုစခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

    သြဂုတ်လ ၂၀၂၄ ခုနှစ်

  • တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်သည့် တက္ကသိုလ်များအား စစ်ကောင်စီက
  • ကြေညာရာတွင် ရခိုင်ကတောင်ကုတ်တက္ကသိုလ်မပါဝင်

    စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်တွင် အဆင့်မြင့်ပညာရေးဌာန တက္ကသိုလ်နှစ်ခုရှိသည့်အနက် စစ်တွေတက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်သည်ဟု ပါရှိသော်လည်း တောင်ကုတ်တက္ကသိုလ် မပါဝင်ရခြင်းမှာ စစ်ရေးအခြေအနေကြောင့်ဖြစ်နိုင်သည်ဟု တက္ကသိုလ်ကျောင်းသူတစ်ဦး က ဒေသတွင်းသတင်းမီဒီယာတစ်ခုတွင်ပြောကြားခဲ့သည်။

    "ကျောင်းထဲမှာ သူတို့ (စစ်ကောင်စီတပ်)လည်း တပ်စွဲထားတယ်။ ဒါကို ပြည်သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဘာလိုမှ အဆင်မပြေဘူး။ သူတို့တပ်စွဲထားတာရယ်၊ ပြီးတော့ တိုက်ပွဲ အခြေအနေတွေကြောင့်ရယ်၊ ဒါကြောင့် တက္ကသိုလ် မဖွင့်နိုင်တာလို့ ထင်ပါတယ်"ဟု ပြောသည်။

    စက်တင်ဘာလ ၂၀၂၄ ခုနှစ်

  • တိုက်ပွဲဖြစ်စဉ်ကြောင့် စစ်တွေတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထား
  • စစ်တွေမြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်များကြောင့် စစ်ကောင်စီသည် လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ် ၃၀ ရက်နေ့က စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာအနီးချောင်းတွင် စစ်ကောင်စီ ဇက်ရေယာဉ်ကို အာရက္ခတပ်တော်က တိုက်ခိုက်ပြီးနောက် သုံးနာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ကံ့ကော်ကျွန်းကျေးရွာကနေ အဝေးပြေးလမ်းမကြီးအထိ လမ်းပိုင်းနှင့် စစ်တွေအခြေစိုက် ... အပြည့်စုံဖတ်ရန်

    | Download the full report to read more!

    - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

    The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.

    Learn More

    Monthly Report | May 2023

    Response to Cyclone Mocha in Rakhine State

    This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.

    Center for Arakan Studies

    Monthly Report | March 2023

    While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.

    Center for Arakan Studies

    Monthly Report | Febuary 2023

    In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...

    Center for Arakan Studies

    Arakan Review: Return To War

    Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...

    Center for Arakan Studies