မြန်မာနိုင်ငံအနှံကျယ်ပြန့်လာသော အာရက္ခတပ်တော်၏
တော်လှန်မဟာမိတ်များ
အနှစ်ချူပ်
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ရာနယ်မြေအတွင်း ရဲဘော်(၂၆)ယောက်ဖြင့် စတင်ဖွဲ့စည်းခဲ့သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် ပြီးခဲ့သည့် (၁၆)နှစ်တာကာလအတွင်း၌ တစ်ဖြည်းဖြည်း အင်အားကြီးမားလာခဲ့ပြီး နယ်မြေ၏ (၉၀)ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကာ တပ်ဖွဲ့၀င်အင်အား (၅၀၀၀၀) ၀န်းကျင်းအထိ အင်အားကြီးမားလာခဲ့သည်။ ထိုသို့ ပြောင်းလဲတိုးတက်လာခြင်းသည်ပင်လျှင် ခေတ်သစ်မြန်မာပြည်၏ တော်လှန်ပုန်ကန်ခြင်းဖြစ်စဥ်များ အားကောင်းလာခြင်းကို သီသာစွာ မီးမောင်းထိုးပြနေသည်။
ယခင်ရှိခဲ့သည့် တော်လှန်ရေးလုပ်ရှုးမှုများနှင့် မတူညီစွာပင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်အနေဖြင့် လူသူ/လက်နက်အရင်းမြစ်များ စုဆောင်းရှာဖွေခြင်းများ၊ မဟာမိတ်များတည်ဆောက်ခြင်းနှင့် လူမျိုးစုအခြေပြုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို မဟာဗျူဟာကျကျ ချမှတ်ဆောင်ရွက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် မဟာမိတ်များဖြင့် ပူးတွဲလုပ်ရှားတိုက်ပွဲများ ဆင်နွဲခြင်းတို့ကြောင့် ကချင်၊ ကိုးကန့်၊ တအောင်းနှင့် ရှမ်းလက်ကိုင်အဖွဲ့စည်းများနှင့် နီးကပ်သည့်ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည်။ ထိုသို့ဆောင်ရွက်ချက်များကြောင့် ကချင်ပြည်နယ်တွင် အခြေစိုက်စခန်းတစ်ခုတည်ဆောက်နိုင်ခဲ့သည့်အပြင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကွန်ယက်များ ကောင်းမွန်စွာတည်ဆောက်နိုင်ခဲ့ပြီး အခြားသောလက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းများနှင့် သဘောထားမတိုက်ဆိုင်မှုများမရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။
ကချင်လွတ်မြောက်ရေးတပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ အာရက္ခတပ်တော်(အေအေ)နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကဲ့သို့ အဖွဲ့စည်းများနှင့် မဟာမိတ်အဖြစ်ပူးပေါင်းဆောင်ရွက်ပြီး စစ်ရေးဆိုင်ရာအထောက်အပံ့များကို မျှ၀ေတည်ဆောက်နိုင်ခဲ့သည်။ လက်နက်တတ်ဆင်ခြင်းနှင့် လေ့ကျင်သင်ကြားမှုများအပြင် ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများတွင် ထောင်နှင့်ချီသော "AA" တပ်ဖွဲ့၀င်များက မဟာမိတ်များနှင့် ပူးတွဲတိုက်ပွဲ၀င်ခဲ့ကြသည်။ ထို့ကဲ့သို့ မဟာမိတ်များ ပူးတွဲတိုက်ပွဲ၀င်ခဲ့သည့်အတွက် "AA"အနေဖြင့် စစ်ရေးအတွေ့ကြုံကြွ၀လာသည့်အပြင် အာဏာသိမ်းစစ်တပ်၏ဖိအားကို တွန်းကန်နိုင်သည့်အတွက် နိုင်ငံရေးဆိုင်ရာဂုဏ်လည်း မြင့်မားလာခဲ့သည်။
၂၀၂၁ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုသည်ပင်လျှင် "AA" အား အင်အားတိုးတက်လာစေသည့်အပြင် နယ်မြေအများအပြားကို သိမ်းပိုက်စေနိုင်ခဲ့သည်။ နိုင်ငံတစ်လုံး၌ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်မှုများ မြှင့်တက်နေသည့်အချိန်တွင် "AA" အနေဖြင့် မြန်မာစစ်တပ်နှင့် အပစ်ခတ်ရပ်စဲထားပြီး လူမျိုးစုဒေသများနှင့် ဗမာဒေသများမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း (၃၀)ကျော်ခန့်အား အကူညီပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသည်ပင်လျှင် "AA" အား တစ်နိုင်ငံလုံးဆိုင်ရာ တော်လှန်ပုန်ကန်သူများ၏ အခရာကျသောအဖွဲ့တစ်ခုအဖြစ် ပုံဖော်လာနိုင်ခဲ့သည်။
ရခိုင်ဒေသတွင် နယ်မြေအများအပြားသိမ်းပိုက်နိုင်ခဲ့သည့်အပြင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့တွင်ပါ "AA" ၏ လွှမ်းမိုးနိုင်စွမ်းကို ချဲ့ထွင်နိုင်ခဲ့သည်။ မဟာဗျူဟာအရ အရေးပါသည့် မြန်မာပြည်မြောက်ပိုင်းမှမဟာမိတ်များကို ကောင်းမွန်အားကောင်းစွာ တည်ဆောက်နေနိုင်သည့်အပြင် အမိမြေ (ရခိုင်ပြည်)လုံခြုံရေးနှင့် မြန်မာနိုင်ငံ၏အနာဂတ်တွင် နိုင်ငံရေးဆိုင်ရာအဆင့်တန်းတစ်ခု မြင့်မားစွာရှိနေရန်အတွက် နိုင်ငံအနောက်ဒေသမှ မဟာမိတ်များနှင့်လည်း ကောင်းမွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ခဲ့သည်။
မိတ်ဆက်: အစီရင်ခံစာ၏ နောက်အကြောင်းအရာ
ဤအစီရင်ခံစာသည် အာရကန်(ရခိုင်)ဒေသအပြင်ဘက် မြန်မာနိုင်ငံအတွင်းရှိ အာရက္ခတပ်တော် (ယခင်-ရက္ခိုင်တပ်တော် (AA))၏ လုပ်ရှားဆောင်ရွက်ချက်များကို လေ့လာရန်ဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် အာရက္ခာတပ်တော်၏ ပေါ်ထွန်းအားကောင်းလာမှုအားလေ့လာရန် အဓိက ရည်ရွယ်သည်။ ထိုသို့လေ့လာခြင်းဖြင့် အထက်ပါဒေသများတွင် အာရက္ခတပ်တော်၏ လုပ်ရှားဆောင်ရွက်မှုများကို လေ့လာဆန်းစစ်ရန်၊ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ထွက်လာသော လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့စည်းများအား အရက္ခတပ်တော်၏ ထောက်ပံ့မှုများကို လေ့လာရန်၊ ၂၀၂၃ အောက်တိုဘာ၊ (၂၇)ရက်နေ့တွင်စတင်ခဲ့သော "၁၀၂၇" စစ်ဆင်ရေးအတွင်း အရက္ခတပ်တော်၏ ပါ၀င်ပတ်သက်မှုများကိုလေ့လာရန်နှင့် ၎င်း၏ တစ်နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကဏ္ဍများတွင် အဓိက ပါ၀င်ဆောင်ရွက်သူအဖြစ် တည်ရှိလာခြင်းနှင့် မြန်မာပြည်အနောက်ပိုင်း လက်နက်ကိုင်ပုန်ကန်မှုများ၏ အဓိကအရေးကြီးဆုံးနှင့် အလွမ်းမိုးနိုင်ဆုံးအဖွဲ့အဖြစ် တည်ရှိလာခြင်းတို့ကို လေ့လာရန်ဖြစ်သည်။
ဤမိတ်ဆက်ကဏ္ဍအပြင် အစီရင်ခံစာအား အပိုင်း(၄)ပိုင်းဖြင့် ခွဲခြားတင်ပြထားသည်။ အစီရင်ခံစာ၏ ဒုတိယအပိုင်းတွင် ကချင်၊ ကိုးကန့်၊ တအောင်းနှင့် '၀'ဒေသများအပါအ၀င် မြန်မာပြည်မြောက်ပိုင်းတွင် အာရက္ခတပ်တော်၏ အင်အားကြီးမားလာပုံကို အသေးစိတ်ဖေါ်ပြထားသည်။ ထိုအချက်လက်များသည် အာရက္ခတပ်တော်၏ မြန်မာနိုင်ငံအခင်းအကျင်းအားပုံဖေါ်မှု၊ လူမျိုးစုများ၏ စည်းလုံးညီညွှတ်မှုကို တည်ဆောက်မှု၊ အရင်းအမြစ်စုစည်းရှာဖွေမှုနှင့် ၎င်းဒေသများ၏ ဒေသခံမဟုတ်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် အာရက္ခတပ်တော်၏ဖြစ်တည်လာမှုကိုလေ့လာကာ မီးမောင်းထိုးပြခြင်းဖြစ်သည်။ အစီရင်ခံစာ၏ တတိယအပိုင်းသည် ၂၀၂၁-ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အစောပိုင်းကာလတွင် အာရက္ခတပ်တော်အနေဖြင့် ၎င်း၏အခန်းကဏ္ဍအား ချဲ့ထွင်ခဲ့သည်အကြောင်းကို လေ့လာထားသည်။ ဗမာအများစုနေထိုင်ရာဒေသများနှင့် လူမျိုးစုများ၏နယ်စပ်ဒေသများတွင် အာဏာသိမ်းမှုနောက်ပိုင်း အသစ်ပေါ်ထွန်းလာခဲ့သော တော်လှန်ပုန်ကန်ရေးအင်းအားစုများအပေါ် အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ထောက်ခံထောက်ပံ့မှုများအား လေ့လာသည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေးအပေါ် အာရက္ခတပ်တော်၏ အခန်းကဏ္ဍအား "NUG"၏ ရှု့မြင်ပုံကိုလေ့လာထားခြင်းဖြစ်သည်။ အပြည့်စုံဖတ်ရန်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
The CAS is an independent, non-partisan and research-oriented group conducting research and analyzing issues related to Arakan/Rakhine affairs.
Monthly Report | May 2023
Response to Cyclone Mocha in Rakhine State
This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.
Monthly Report | March 2023
While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.
Monthly Report | Febuary 2023
In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and...
The Investments of China and India in Rakhine State: The Perspectives of Rakhine Stakeholders on Ground in Post-Coup Myanmar
Rakhine State is an attractive location for foreign direct investment (FDI) due to several compelling factors. Firstly, its strategic position along the Bay of Bengal makes it a geostrategic hub for business ventures. Additionally, the region is endowed with abundant natural resources, breathtaking beaches, and fascinating cultural and historical sites, which make it a prime destination for investment in tourism, mining, and other related industries.
Footsteps of China and India on Arakan in Post-Coup Myanmar
While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March. As the twoarmed parties are in a lack of trust toward each other,...
Monthly Report | May 2023
Response to Cyclone Mocha in Rakhine State
This report aims to provide an update and comprehensive information regarding the strike of Cyclone Mocha on the coast of Arakan on May 14, 2o23. But, as it is released as a part of the ‘Monthly Report’, the content of the work will only cover the cyclone-related information during the month of ‘May’.
Monthly Report | March 2023
While the junta’s forces and Arakan Army (AA) are now in an informal truce, the news of the registration of the political parties in Rakhine have become more prominent in March.
Monthly Report | Febuary 2023
In February 2023, both tensions and relaxation could be seen in politics in Rakhine State. Tensions between the Arakan Army, and junta forces happened due after the junta forces' reinforcement such as military types of equipment, patrol and,...
Arakan Review: Return To War
Just 20 months after a de facto ceasefire between the Myanmar military and the Arakan Army (AA), a series of armed clashes resumed in three locations in northern Rakhine,...
